Sunday, March 14, 2010

To my blog readers..

ကျနော် ခု ဒီ box02blog.wordpress.com ဘလော့မှာ မြန်မာ၃နဲ့ရော ဇော်ဂျီနဲ့ပါရေးထားတဲ့အတွက် စာဖတ်သူများအတွက် အနှောက်အယှက်ဖြစ်ရရင် ကျနော်စိတ်မကောင်းပါဘူး။ ဒီဘလော့မှာ ကျန်ခဲ့တဲ့ ဇော်ဂျီနဲ့ရေးထားတဲ့ posts တွေကိုလဲ မြန်မာ၃ကို မပြောင်းတော့ပဲ ဒီအတိုင်းထားပြီး ကျနော် မြန်မာ၃နဲ့ ဆက်ရေးသွားမယ်လို့ စိတ်ကူးထားပါတယ်။ ဒီဘလော့က မြန်မာ၃ဖွန့်ကိုလဲ ကိုစေတန်ရဲ့ Unicode5.1 to Zawgyi UserScript အသုံပြုပြီး ဖတ်ရှုနိုင်ပါတယ်။ ကျနော်ကတော့ သူငယ်ချင်းများ ဇော်ဂျီနဲ့ရေးသားထားတဲ့ ဘလော့ကို ကိုစိုးမင်းရဲ့ Zawgyi to Unicode5.1 UserScript အသုံပြုပြီး ဖတ်မှာဖြစ်ပါတယ်။

ကျနော့်ရဲ့ အခြားဘလော့တစ်ခုဖြစ်တဲ့ box02blog.blogspot.com or box02.my-mm.org မှာ ဘလော့တစ်ခုလုံးကို ဇော်ဂျီကနေ မြန်မာ၃ ကိုပြောင်းထားပါတယ်။ အဲဒီဘလော့မှာ zawgyi-unicode5.1 javascript လေးထည့်ထားတဲ့အတွက် စာဖတ်သူများအနေဖြင့် ကျနော် မြန်မာ၃နဲ့ဆက်လက်ရေးသော်လည်း ဇော်ဂျီဖွန့်သို့ ပြောင်းလဲဖတ်ရှုနိုင်ပါတယ်။ အခြားသောဘလော့များမှာနည်းတူ ဘလော့ရဲ့ခေါင်းစီးပိုင်းနားလေးမှာ Zawgyi ဒါမှမဟုတ် Unicode5.1 သို့ပြောင်းကြည့်တဲ့ OptionBox လေးကိုတွေ့ရမှာပါ။

"To change Zawgyi or Unicode5.1"


စာဖတ်သူရဲ့ Firefox browser မှာ Greasemonkey ကို Turn On လုပ်ထားရင် ဒီ OptionsBox လေးကို မြင်ရမှာ မဟုတ်ပါဘူး။ Turn off လုပ်ပြီး Refresh လုပ်လိုက်ရင် ပေါ်လာမှာပါ။ အဲဒီအခါမှာ Zawgyi ဖွန့်သို့ ပြောင်းလဲဖတ်နိုင်ပါတယ်။

ကျနော့်ရဲ့နောက်ထပ် ဘလော့အဟာင်းတစ်ခုဖြစ်တဲ့ box02.blogspot.com မှာ post အသစ်ဆက်လက်ရေးသားခြင်း ခေတ္တရပ်ထားပါတယ်။

ဒီလိုပြောင်းလဲရေးသားခြင်းဟာ ကျနော်ရဲ့ personal choice မျှသာဖြင့်ပြီး ဇော်ဂျီအသုံပြုသူများနဲ့ ယူနီကုတ်၅.၁ ကွန်ပတီဘယ်ဖွန့်အသုံးပြုသူအကြား ခွဲခြားခြင်းမဟုတ်သလို ဘယ်အုပ်စုဘက်မှလဲနေခြင်းမဟုတ်ပါ။
ကျနော်ဟာ သာမာန်ဘလော့ရေးသားသူ အသုံပြုသူ average user တစ်ယောက်သာဖြစ်ပါတယ်။

စာဖတ်သူများအား လေးစားလျှက်
ဘောက်တူး

Saturday, March 13, 2010

Test living without zawgyi font on Ubuntu

ဇော်ဂျီဖွန့်သုံးရာကနေ မြန်မာ၃ ကို စပြောင်းသုံးရာမှာ အခက်အခဲလေးတွေရင်ဆိုင်ရတယ်။ သူများဇော်ဂျီနဲ့ရေးထားတာကို မမြင်ရတဲ့ပြဿနာ၊ လင်းနက်မှာ မြန်မာ၃ ရိုက်မကြွမ်းသေးတဲ့ပြဿနာ၊ ဇော်ဂျီဖွန့်နဲ့ မြန်မာ၃ အတူတကွထားလို့မဖြစ်တဲ့ပြဿနာ၊ ထားလို့ရပြန်သော်လည်း ဇော်ဂျီဖွန့်ကိုလုံးဝ မမြင်တော့တဲ့ပြဿနာတွေပါ။

လက်တလောဖြေရှင်းနိုင်တာတွေက
++++++++++++++++++++

၁) မြန်မာ၃လက်ကွက်မကျွမ်းတာက ကိစ္စမဟုတ်လောက်တော့ပါ (ရေးပါများရင်)

၂) မြန်မာ၃ နဲ့ ဇော်ဂျီ နှစ်ခုတူတူထားချင်ရင်လဲ .fonts.conf လေးရေးထားပြီး $HOME dir အောက်မှာထားရုံပါ။ (ညီသူရ ကျေးဇူး)

၃) သူများရေးထားတဲ့ဇော်ဂျီဖွန့်ကိုကြည့်ဖို့ရာလဲ Zawgyi to Unicode 5.1 UserScript လေးရှိပြီးသားပါ။ ( ကိုစိုးမင်း ကျေးဇူး)

၄) ကျနော်ရေးထားတာ မမြင်ဘူးဆိုလဲ ကိုစေတန်ရဲ့ Unicode 5.1 to Zawgyi Userscript ကိုအသုံပြုပြီး ကြည့်နိုင်ပါတယ်။ (ကိုစေတန် ကျေးဇူး)

၅) Facebook friends တွေနဲ့လဲ English conversation နဲ့ communicate လုပ်လို့ရပါသေးတယ်။

လောလောဆယ် testing ကာလမှာ မြန်မာ၃ နဲ့ Ubuntu မှာ အိုကေနေပါတယ်။

Test writting in mm3

ကျနော်မြန်မာ၃ကို ကောင်းကောင်းမသုံးဖူးပါဘူး။ သွင်းကြည့်တာလောက်နဲ့ပဲရပ်ရပ်သွားခဲ့တယ်။
ခု ကျနော်ရိုက်တာ မြန်မာ၃ နဲ့ပါ။ လက်ကွက်ကအကျင့်မရသေးတော့နည်းနည်းလေးနေတယ်။
အလေ့အကျင့်လုပ်ပေးရအုံးမယ်။

Wednesday, March 10, 2010

Burma-keyboard-Tk v0.1.1

Burma-keyboard-Tk package new release v0.1.1 မှာ burma-keyboard-nogui ကိုလဲထည့်လိုက်ပါတယ်။ အချို့က GUI နဲ့ လန်းလန်းဆန်းဆန်း သုံးချင်ကြသလို အချို့မှာ Tcl\Tk package ကို install လုပ်ဖို့ရာအခက်အခဲရှိကြမှာပါ။ တခါတလေ အရမ်းလောနေတဲ့အခါမျိုးမှာ တခါတည်းပဲ install လုပ်လိုက်ချင်သူများအတွက် အဆင်ပြေအောင် -nogui ကိုပါထည့်လိုက်ခြင်းဖြစ်ပါတယ်။ အသုံးပြုဖို့ရာ အရင်အတိုင်းပဲ package extract လုပ်ပြီး source folder ထဲဝင်တဲ့အထိအတူတူပါပဲ။ ဥပမာ ကိုယ် download လုပ်ထားတဲ့ package က Desktop ပေါ်မှာရှိတယ်ဆိုရင် ..

$ cd ~/Desktop
$ tar xzf burma-keyboard-tk-0.1.1.tar.gz
$ cd burma-keyboard-tk

GUI နဲ့ run သူများအတွက်တော့
$ sudo python burma-keyboard-tk.py

GUI မပါပဲ command line နဲ့အသုံးပြုများအတွက်ကတော့
$ sudo python burma-keyboard-nogui.py

ပြီးရင်လိုချင်တဲ့ font ရွေး၊ y ကိုနှိပ်။
ပြီးရင် install လုပ်ချင်ရင် i ကိုနှိပ်ပေး။ remove လုပ်ချင်ရင် r ကိုနှိပ်ပေးပါ။
အောက်မှာ screenshots လေးတွေကိုပါ။

"Extract and Run"


"Choose a font and confirm"


"Installing"


ဒီ screenshots ထဲကအရာတွေအားလုံးဟာ zawgyi-keyboard packages အသုံးပြုသူများနဲ့ရင်းနှီးပြီးသားဖြစ်ပါတယ်။ GUI နဲ့ CLI ကိုလိုအပ်သလိုသုံးနိုင်ကြပါတယ်။
မကြာမီ PyGTK နဲ့ ထွက်လာတဲ့အခါ အားလုံး တပြေးညီ GUI နဲ့ သုံးနိုင်ကြသလို CLI နဲ့အသုံးပြုချင်သေးသူများအတွက်လဲ အဆင်ပြေစေမှာဖြစ်ပါတယ်။

Download: burma-keyboard-tk-0.1.1.tar.gz

More info: README

Enjoy playing with it!

Tuesday, March 9, 2010

Testing Burma-keyboard-Tk on FreeBSD

FreeBSD ပေါှမှာ Testing လုပ်တဲ့ screenshots လေးတွေပါ။

Platform: FreeBSD 8
Desktop: Gnome 2.26
Python: 2.6

"Run from shell"


"Start running on FreeBSD"


"Remove the previous installed package"


"New Installation"


"Logs section"


"About Dialog"


"View Changelog"


Enjoy!

Sunday, March 7, 2010

Burma-keyboard-Tk v0.1.0

ကျနော် ခုလေးပဲ Burma-Keyboard-Tk package version 0.1.0 initial release ကို github repo ပေါ်တင်လိုက်ပါပြီး၊ zawgyi-keybaord project မှာလဲ ဒီ post ရေးပြီးရင်တင်လိုက်ပါမယ်။
ဒီ GUI program ကို Tkinter library ပေါ်မှာအခြေခံပြီးရေးထားတာဖြစ်ပါတယ်။ Tkinter က Python ရဲ့ Standard GUI Library ဖြစ်တာမို့ Python နဲ့အတူပါလာတက်ပါတယ်။ တချို့ Linux Distro တွေမှာပါချင်မှ ပါတက်ပါတယ်။ Ubuntu မှာတော့ Tkinter ပါလာပြီးသားပါ။
သို့သော်လည့်ပဲ Tkinter က Tcl/Tk နဲ့လဲပတ်သက်နေတော့ Tcl/Tk လိုပါတယ်။ အဲဒီအတွက် Ubuntu နဲ့ Debian မှာဆိုရင် python-tk ကို install လုပ်ပေးရမှာဖြစ်တယ်။ Ubuntu အပြင်အခြား Distro သုံးသူများကတော့ ဘယ်လိုသွင်းရမလဲဆိုတာ သိနေပြီးသားဖြစ်မယ်လို့ မျှော်လင့်ပါတယ်။
အကယ်၍ Tcl/Tk သွင်းရတာအဆင်မပြေဘူးဆိုရင် Python IDLE ကို package manager ကနေသွင်းပါ။ IDLE ကလဲ Tkinter နဲ့ရေးထားတဲ့ program မို့ သူလဲ Tcl/Tk ကိုလိုအပ်ပါတယ်။ အဲဒါကြောင့် သူ့ကိုသွင်းရင် အဆင်ပြေပါပြီ။

ပထမအနေနဲ့
$ sudo apt-get install python-tk

ဒါမှမဟုတ် idle ကိုသွင်းလဲရတယ်
$ sudo apt-get install idle

ပြီးရင် burma-keyboard-tk ကို run လို့ရပါပြီ။ မ run ခင် အရင်ဆုံး package ကို extract လုပ်။ ပြီးရင် သူ့ရဲ့ source folder ထဲဝင်ပါ။

$ tar xzf burma-keyboard-tk-0.1.0.tar.gz
$ cd burma-keyboard-tk

ပြီးရင် burma-keyboard-tk.py ဆိုတဲ့ ဖိုင်ကို sudo python ခံပြီး run ပေးပါ။

$ sudo python burma-keyboard-tk.py



အဲဒါဆို program ကစတင် run ပြီး install စတာတွေလုပ်ဖို့ ready အနေအထားဖြစ်နေမှာပါ။



ပြီးရင် font တစ်ကိုရွေးပြီး Confirm button ကိုနှိပ်ပေးပါ။ Confirm လုပ်ပေးပြီးတာနဲ့ source status မှာ ကိုယ်သွင်းချင်တဲ့ font နဲ့ xkb file ကိုတွေ့မှာပါ။





Install လုပ်ဖို့အတွက် Command buttons တွေထဲက Install button ကိုနှိပ်လိုက်ပါ။





ဒါဆိုရင် installation ပြီးပါပြီ။ ကျန်တဲ့ logs, Vew log, Layout Help, About buttons တို့ကို နှိပ်ကြည့်ပြီး program ကိုလေ့လာနိုင်ပါတယ်။ About button ကိုနှိပ်ရင် အောက်က About Dialog Window ငယ်လေးပေါ်မှာပါ။ အဲဒီထဲက ကြည့်ချင်တာတွေကြည့်နိုင်ပါတယ်။



ဥပမာအဲဒီအထဲက Copyright button ကိုနှိပ်ကြည့်မယ်ဆိုရင် copyright နဲ့ပတ်တဲ့အကြောင်းအရာတွေတွေ့မှာပါ။



ဒီ program ငယ်ကို အသုံးဝင်မယ် အသုံးပြုရလွယ်မယ်လို့မျှော်လင့်ပြီး ရေးလိုက်တာပါ။ အဆင်မပြေတာရှိရင်လဲပြောပါ။ ကျနော်က Tkinter နဲ့ရေးထားပေမယ့်လဲ တခြား GUI Toolkits ကို port လုပ်ချင်ရင်လဲ လုပ်နိုင်ပါတယ်။ ညီ Trh ကတော့ PyGTK ကို porting လုပ်ပေးဖို့ စိတ်ဝင်စားမယ်ထင်ပါတယ်။ :-)

ကျနော် github repo မှာတင်ထားပေးပါတယ်။ github အကောင့်ရှိသူများ fork လိုက fork နိုင်ပါတယ်။ Users မှအတွက် အဆင်ပြေအောင် အကြံပေးနိုင်ပါတယ်။ အမှားတွေပါနေရင်လဲ ပြောပါ။ ကျနော် ပြန် fix ပေးပါမယ်။

GitHub Repo: burma-keyboard-tk

Download: http://zawgyi-keyboard.googlecode.com/files/burma-keyboard-tk-0.1.0.tar.gz

Enjoy!

Tuesday, March 2, 2010

future gui of install scripter for mm3 and zawgyi keyboard [draft2]

Program တစ်ခုတည်းနဲ့ zawgyi နဲ့ mm3 ကိုကြိုက်နှစ်သက်ရာ သွင်းလို့ရအောင်စိတ်ကူးကြည့်တယ်။ ကျန်တဲ့ padauk ပဲဖြစ်ဖြစ် အခြားဖွန့်ပဲဖြစ်ဖြစ် folder လေးဆောက်ပြီး ဖွန့်ရယ် mm ဖိုင်ရယ်ထည့်ပေးမယ်၊ လိုအပ်တဲ့ modify အနည်းငယ်လုပ်ရုံမျှနဲ့ မြန်မာဖွန့်အားလုံးကိုလဲ အတူတူ install လုပ်နိုင်မယ်ထင်ပါတယ်။ ဒီ Application နာမည်ကို ဘယ်လိုပေးရမလဲ မသိဘူးရယ်။ ခုတော့ ယာယီ Burma-Keyboard လို့တော့ပေးထားတယ်။ ဒီ GUI program ကို Python IDLE IDE သုံးတဲ့ Python Tkinter Library နဲ့ပဲအသုံးပြုထားတာပါ။ စိတ်ထဲမှာ အလွယ်ကူဆုံးထင်လို့ပါ။









Enjoy!