Thursday, November 6, 2008

Convert Zawgyi.deb to zawgyi-*.rpm

ဒီပို့စ်မှာ Package Covert လုပ်တာကို အခြေခံလေး ရေးမှာပါ။

အသုံးဝင်တာကတော့ ဥပမာ မရှိမဖြစ်လိုအပ်တဲ့ Package လေးရထားတယ်ဆိုပါစို့။ အဲဒီ package လေးဟာ Debian package (zawgyi.deb) ဖြစ်ရင်နေတယ်ဆိုပါတော့။ ကိုယ်သုံးတဲ့ Linux Distro က Debian base မဟုတ်ပဲ RedHat Package Manager (RPM) ကိုသုံးတဲ့ -- Fedora, OpenSUSE ဒါမှမဟုတ် Mandriva ဖြစ်နေခဲ့မယ်ဆိုရင် အဲဒီ zawgyi.deb ဆိုတဲ့ package ကို direct install လုပ်လို့မရပါဘူး။ အရင်ဆုံး convert လုပ်ပေးရပါမယ်။ အဲလိုလုပ်ဖို့အတွက် Alien ကို အရင်ဆုံး install လုပ်ရမယ်။

Installing Alien

ဥပမာ Fedora ပေါ်မှာ Install လုပ်မယ်ဆိုရင်

$ su
password:
# yun -y alien


ဥပမာ Ubuntu ပေါ်မှာ Install လုပ်မယ်ဆိုရင်

$ sudo apt-get install alien

Howto convert from DEB to RPM (alien -r)

$ su
password:
# alien -r zawgyi.deb


အဲဒီ command ကို Terminal မှာ run လိုက်ရင် ကိုယ် convert လုပ်တဲ့ Directory အောက်မှာ
zawgyi-keyboard-1.3-2.noarch.rpm ကို ရပါလိမ့်မယ်။
ဥပမာ zawgyi.deb package ကို /home/box02/Documents/zawgyi.deb ဆိုပါတော့

# alien -r /home/box02/Documents/zawgyi.deb

အဲဒါဆိုရင် အဲဒီ directory ထဲမှာပဲ zawgyi-keyboard-1.3-2.noarch.rpm ကိုရပါလိမ့်မယ်

$ ls /home/box02/Documents
zawgyi-keyboard-1.3-2.noarch.rpm


Howto convert from RPM to DEB (alien -d)

ဒါက ကိုယ့်မှာရှိတဲ့ rpm package ကို deb package ပြောင်းချင်တဲ့အခါပေါ့

$ sudo alien -d /home/box02/Documents/zawgyi-keyboard-1.3-2.noarch.rpm
$ ls /home/box02/Documents
zawgyi-keyboard_1.3-3_all.deb


ခုဆိုရင် debian package ရရ rpm package ရရ ကိုယ့်ဟာကိုယ် convert လုပ်ပြီး ကိုယ့် Distro မှာ လိုသလို Install လုပ်နိုင်ပါပြီ

Installation Zawgyi Keyboard

Ubuntu မှာ Install လုပ်မယ်ဆိုရင်

$ sudo dpkg -i /home/box02/Documents/zawgyi-keyboard_1.3-3_all.deb

Fedora မှာ Install လုပ်မယ်ဆိုရင်

$ su
# rpm -ivh /home/box02/Documents/zawgyi-keyboard-1.3-2.noarch.rpm


Linux ပေါ်မှာ Zawgyi Keyboard ရကြပါစေ။

To download Zawgyi Keyboard (Zawgyi.deb) from www.mysteryzillion.org

http://www.mysteryzillion.org/forums/downloads.php?do=file&id;=151

To download Zawgyi Keyboard (zawgyi-keyboard-1.3-2.noarch.rpm)

http://www.mediafire.com/?oml1ltl0gkm

2 comments:

  1. ကျနော်တော့ /usr/share/X11/xkb/symbols/mm ဖိုင်ကို ကိုစေတန်ရေးထားတဲ့ mm ဖိုင်နဲ့ လဲပစ်လိုက်တာပဲ ..

    ReplyDelete
  2. @ ကိုTrh ခင်ဗျာ..
    ဟုတ်ပါတယ် .. အဲဒီနည်းလဲ ကောင်းပါတယ်။
    ကျနော်လဲ အဲဒီနည်းကို လိုအပ်ရင်လိုအပ်သလို သုံးပါတယ်။ :)

    ReplyDelete