Thursday, November 27, 2008

Converting *.mkv to *.avi on Ubuntu

.mkv file ဆိုတာက matroska file လို့သိကြတဲ့ extentable open standard Audio/Vidoe container file ပါ။ တချို့ Movie တွေကို ဒီ format နဲ့ လုပ်ကြတယ်။ စာအိပ်နဲ့တူတယ်လို့လဲပြောကြတယ် ဘာဖြစ်လို့လဲဆိုတော့ အဲဒီမှာ audio, video, subtitle streams တွေထည့်ထားလို့ပါ။ သူက compression format မဟုတ်ပါဘူး ဆိုလိုတာက အရင်က video cd တွေမှာ အသံ အရုပ် စာတန်းတွေကို တခါတည်း decode လုပ်ထားတဲ့ compressed video format မျိုး မဟုတ်တာကိုပြောတာပါ။
.avi file ကိုတော့ လူတော်တော်များများရင်းနှီးနှီး သိပါတယ်။
ကျနော် ခုရေးမှာက .mkv ကနေ .avi ကို ဘယ်လိုပြောင်းလဲဆိုတာပါ။ အဲဒီအတွက် ffmpeg ကို install လုပ်ထားပေးပို့လိုပါတယ်။


Install ffmpeg
$ sudo apt-get install ffmpeg

ပြီးရင် ကျနော်တို့ convert လုပ်ပါတော့မယ်။


Convert .mkv to .avi
$ ffmpeg -i filename.mkv -target vcd filename.avi

filename.mkv မှာ filename နေရာမှာ ကိုယ်ပြောင်းချင်တဲ့ mkv file name ရေးပေးရမယ်၊ filename.avi မှာကျတော့ filename ကို ကိုယ်ပေးချင်သလိုတပ်ပေးလို့ရတယ်။

Examples
$ ffmpeg -i TheCloneWarsS01E01.mkv -target vcd TheCloneWarsS01E01.avi ဒါမှမဟုတ်
$ ffmpeg -i TheCloneWarsS01E01.mkv -target vcd TheStarWarsS01E01.avi

No comments:

Post a Comment