Saturday, January 17, 2009

unrar and rar files in Terminal on ubuntu

Terminal ထဲမှာ rar files တွေကို extract နှင့် archive လုပ်နည်းလေးပါ။ အဲဒီအတွက် ubuntu မှာ rar နှင့် unrar ကိုအရင် Install လုပ်ပေးရပါမယ်။ Install လုပ်ဖို့အတွက် Terminal ထဲမှာ အောက်က command line ကို ကူးထည့်ပေးပြီး Enter ခေါက် run ပေးပါ။

$ sudo apt-get install rar unrar

ပြီးရင် rar files တွေကိုဖြည်ပါမယ်။ command line သုံးပြီးဆိုရင် တစ်ခုသတိထားရမှာက Paths ပါ။ ကိုယ့်ဖိုင်တွေဘယ်မှာရှိနေလဲ၊ အဲဒီဖိုင်တွေရှိတဲ့ folders တွေရဲ့ Paths ကိုမှန်မှန်ကန်ကန်သွားဖို့လိုပါတယ်။
အကယ်၍ ဖြည်မယ့် rar files က home directory မှာရှိနေတယ်ဆိုရင် အောက်က command line နဲ့ home directory ကိုအရင်သွားပါ။


$ cd ~

ဥပမာ ဖြည်မယ့် rar filename က java-programs.rar ဖြစ်မယ်ဆိုရင် အောက် command line ကို run ပေးပါ။ အဲဒါဆိုရင် extracted java-programs ကိုရပါလိမ့်မယ်။

$ unrar e java-program
s.rar

လုပ်နည်းလေးကိုပြန်ကြည့်ရင် လွယ်လွယ်လေးပါပဲ ..

$ unrar e filename

ပြီးရင် archive ပြန်လုပ်ရအောင် .. ဥပမာ file-num01.java, file-num02.java, file-num03.java ဆိုပြီးရှိတယ်ပေါ့။ အဲဒီဖိုင်သုံးဖိုင်ကို rar နဲ့ java-programs လို့နာမည်ပေးပြီး archive လုပ်ချင်တယ်ဆိုရင် အောက်က command line အတိုင်း run ပေးပါ။

$ rar a java-programs file-num*.java

ပြီးရင် java-programs.rar ကိုရလာပါလိမ့်မယ်။ လုပ်နည်းကတော့ ရိုးရိုးလေးပါ၊ ပြန်ပြီး recall လုပ်မယ်ဆိုရင်

$ rar a achivename files-to-be-added

i.e.,
a = add files to achive
achivename = java-programs
files-to-be-added = file-num01.java, file-num02.java, file-num03.java

rar နဲ့ပတ်သတ်ပြီး ပိုပြီးေလ့လာချင်ရင်

$ man rar

အဲဒီ man page မှာလေ့လာနိုင်ပါတယ်။ အောက်ကပုံက Terminal ထဲမှာ rar achive လုပ်ပုံပါ။

[caption id="attachment_134" align="alignnone" width="480" caption="rar files"]rar files[/caption]

No comments:

Post a Comment