Saturday, January 17, 2009

unzip and zip files in Terminal on ubuntu

Terminal ထဲမှာ zips files တွေကို extract လုပ်နည်းလေးပါ။ zips files တွေကိုဖြည်ဖို့အတွက် unzip ကို install လုပ်ပေးဖို့လိုအပ်ပါတယ်။ Install လုပ်ရအောင် ..

$ sudo apt-get install unzip

unzip ကို install လုပ်ပြီးပြီဆိုရင်တော့ ဇစ်ပ်ဖိုင်လ်စ်တွေကိုဖြည်ရအောင်.. ဥပမာ ကျနော်တို့ games.zip ကိုဖြည်မယ်ဆိုရင် Terminal ထဲမှာ အောက်ကအတိုင်းရိုက်ပြီး run ပေးလိုက်ရင် extract files တွေကိုရပါပြီ။

$ unzip games.zip

နည်းကတော့ရှင်းရှင်းလေးနော်

$ unzip filename.zip

zip ချင်ရင်လဲ လွယ်လွယ်လေးပါ။ Terminal ထဲမှာ zip ကိုအရင်ရိုက် ပြီးရင် ကိုယ့်ရဲ့ ဇစ်ဖိုင်နာမည်ပေးမယ်၊ အဲဒီမှာ ext အနေနဲ့ .zip လို့ထည့်ပေးရမယ် (ဥပမာ ဇစ်ဖိုင်နာမည်က my-video.zip)။ အဲဒီအနောက်မှာ ကိုယ်ထည့်ချင်တဲ့ ဖိုင်လ်စ်တွေကိုရိုက်ထည့်ပေးရမယ်။ ကိုယ်ထည့်ပေးချင်တဲ့ဖိုင်တွေက ဥပမာ file01.avi, file02.txt, file03.srt ဆိုပါစို့ .. အောက်က command line ကိုကြည့်ပြီးသိသာနိုင်ပါတယ်။

$ zip my-video.zip file01.avi file02.txt file03.srt

အောက်ကပုံလေးကိုကြည့်ရင် ပိုပြီးတော့မြင်သာလိမ့်မယ်ထင်တယ်။ ပုံမှာ zip လုပ်ပြီး unzip ပြန်ဖြည်ပြထားတာပါ။

[caption id="attachment_135" align="alignnone" width="480" caption="zipping"]zipping[/caption]

No comments:

Post a Comment