Saturday, January 17, 2009

using tar on ubuntu

tar နဲ့ ဖိုင်တွေကို extract နှင့် archive လုပ်နည်းလေးပါ။ tar ကအရမ်းအသုံးဝင်ပါတယ်။ Linux Source files တွေကို tar နဲ့ archive လုပ်ကြပါတယ်။ အဲဒီဖိုင်တွေဖြည်ဖို့ tar ကိုအသုံးပြုပါတယ်။ နောက်ပြီး ကိုယ့်ဖိုင်တွေကိုလဲ ကိုယ့်ဟာကိုယ် archive လုပ်ပြီးသိမ်းဆည်းနိုင်ပါတယ်။ အခြေခံလေးပဲ ဒီမှာရေးမှာပါ။

Extracting
ဥပမာ movie subtitle ပါတဲ့ဖိုင်ကိုဖြည်ပါမယ်။ အဲဒီဖိုင်ရဲ့ Paths က ~/Videos/Igor.DVDRip.XviD-Larceny မှာရှိတယ်ဆိုပါတော့ .. archive file က Igor.tar.gz ဆိုပါဆို့ .. Terminal ထဲသွားပြီးအောက်က command line ကို run ပါမယ်။

$ cd ~/Videos/Igor.DVDRip.XviD-Larceny
$ tar xvzf Igor.tar.gz

အဲလို run ပြီးတဲ့ နောက်မှာ Igor.tar.gz ဖိုင်ကပြည်ပြီး အထဲက l-igor.srt ဖိုင်ကရလာပါမယ်။

Archiving
ပြန်ပြီး အဲဒီ l-igor.srt ဖိုင်ကို archive ပြန်လုပ်ကြည့်ပါမယ်။ Archive file ကိုလဲ Igor-sub.tar.gz လို့နာမည်အသစ်ပြန်ပေးကြည့်ရအောင် အောက်က command line ကို Terminal ထဲမှာပဲ run ပေးပါမယ်။
ပြီးရင် ls နဲ့ပြန်ကြည့်မယ် ကိုယ်လုပ်တာတွေ ဖြစ်လာလို့ပေါ့။ ls ဆိုတာက ကိုယ်ရောက်နေတဲ့ folder ထဲကဟာတွေ ကို list လုပ်ပြီးဖော်ပြပေးတဲ့ command တစ်ခုပါ။

$ tar cvzf Igor-sub.tar.gz *.srt
$ ls
Igor-sub.tar.gz l-gor.srt

ကျနော်တို့လုပ်တဲ့ archive file (Igor-sub.tar.gz) ကိုရရှိပါပြီ။ အောက်ကပုံလေးကိုကြည့်ရင် ရှိပြီးသားဖိုင်ရော အသစ်ရလာတဲ့ဖိုင်တွေပါတွေ့ရမှာပါ။

[caption id="attachment_133" align="alignnone" width="480" caption="using tar"]using tar[/caption]

No comments:

Post a Comment