Sunday, March 15, 2009

vim syntax on

Ubuntu မှာတုန်းက vim-full ကို install လုပ်ပြီးလျင် vim syntax highlight က အလိုအလျှောက် on ပြီးသားပါ။ ဒါပေမယ့် ကျနော့် debian lenny မှာ အလိုအလျှောက် on ဖြစ်မနေအတွက် ကျနော် .vimrc ဖိုင်ကို အသစ်လုပ်ပေးပြီး on ရပါတယ်။ လုပ်ပုံကတော့ Terminal ထဲမှာ အောက်ကအတိုင်း vim နဲ့ပဲ အဲဒီဖိုင်အသစ်ကိုဆောက်ပေး လိုက်ပါတယ်။ ပြီရင် အဲဒီဖိုင်ထဲမှာ ':syntax on' ဆိုပြီးရိုက်ထည့်ပေးလိုက်ပါတယ်။ အောက်မှာ Terminal ထဲမှာ ရိုက်တဲ့ command line နဲ့ ဖိုင်ထဲမှာ ရိုက်ထည့်ထားတာကို တွေ့ရမှာပါ။

$ vim ~/.vimrc

[caption id="attachment_118" align="alignnone" width="480" caption=".vimrc file"].vimrc file[/caption]

ပြီးရင် ဖိုင်ကို သိမ်းဆည်းပြီးပိတ်ပါ။ အဲဒီဖိုင်လေး effect ဖြစ်ဖို့အတွက် Logout လုပ်ပေးလိုက်ပါ။ Login ပြန်ပြီး vim နဲ့ source file တွေပြန်ဖွင့်တဲ့အခါ syntax highlighting on နေတာ တွေ့ရပါလိမ့်မယ်။

[caption id="attachment_119" align="alignnone" width="480" caption="syntax on"]syntax on[/caption]

အကယ်၍ run time မှာပဲ syntax off ချင်တယ်ဆိုရင် vim ကို ':syntax off' command ပေးလိုက်လျင် syntax highlight off ဖြစ်သွားမှာပါ။

[caption id="attachment_120" align="alignnone" width="480" caption="syntax off"]syntax off[/caption]

vim ရဲ့ မျက်စိအေးတဲ့ syntax highlight color နဲ့ code တွေကို ပျော်ရွှင်စွာရေးနိုင်ပါစေ .. :-)

No comments:

Post a Comment