Saturday, May 23, 2009

vnstat on ubuntu 9.04

ကျနော် vnstat ကို ဒီ ubuntu 9.04 စတင်ကတည်းက install လုပ်ထားပါတယ်၊ ကိုယ့်ရဲ့ bandwidth ဘယ်လောက်အသုံးပြုထားလဲ ရံဖန်ရံခါဖြစ်ဖြစ် သိချင်တဲ့အခါဖြစ်ဖြစ် ကြည့်နိုင်အောင် network traffic ကို track လုပ်ပေးတဲ့ ဒီ vnstat program ငယ်လေးကို ubuntu ပေါ်မှာ install လုပ်ရအောင် ..

$ sudo apt-get install vnstat

အကယ်၍ အခြား user တွေပါ သုံးလို့ရအောင်ဆိုရင် အောက်က command lines နှစ်ခု ကိုပါ Terminal ထဲမှာ run ပေးလိုက်ပါ ..

$ sudo chmod o+x /usr/bin/vnstat
$ sudo chmod o+wx /var/lib/vnstat/


ပြီးတော့ ကိုယ် monitor လုပ်မယ့် network interface (ဥပမာ eth0, eth1, etc.) ကို database နဲ့ update လုပ်ပေးပါမယ် ..

ဥပမာ ကျနော့် network interface က eth1 ဆိုပါတော့ .. အဲဒါကျနော်က အောက်က command line လေးနဲ့ database တစ်ခုတည်ဆောက်ခဲ့ပါတယ် ..

$ vnstat -u -i eth1

အဲဒါတွေလုပ်ပြီးပြီးချင်း ချက်ချင်းကြီးတော့ database မှာ ဘာ data မှ မရှိသေးတဲ့ အတွက် vnstat ကို ခေါ်ရင် result က ထွက်လာသေးမှာမဟုတ်ပါဘူး .. မိနစ် အတန်ကြာ ဒါမှမဟုတ် နာရီအတန်ငယ်ကြာပြီးမှ vnstat result ကိုကြည့်လို့ရမှာပါ ..
vnstat program ငယ်လေးကို ဘယ်လို သုံးရမယ်ဆိုတာကို --help option နဲ့
Terminal ထဲမှာ ကြည့်နိုင်ပါတယ် ..

$ vnstat --longhelp

အောက်က screenshots တွေကတော့ ကျနော့် bandwidth ရဲ့ results တွေပါ ..

[caption id="attachment_191" align="alignnone" width="480" caption="vnstat result"]vnstat result[/caption]

[caption id="attachment_192" align="alignnone" width="480" caption="vnstat weekly and monthly results"]vnstat weekly and monthly results[/caption]

[caption id="attachment_193" align="alignnone" width="480" caption="vnstat hourly result"]vnstat hourly result[/caption]

Have a lot fun with vnstat! :-)

No comments:

Post a Comment