Saturday, July 18, 2009

How to install zawgyi font on FreeBSD Gnome2

ခုနောက်ပိုင်း ပီစီကွန်ပျူတာအသုံးပြုသူတွေအတွက် Operating Systems စိတ်ကြိုက်ရွေးချယ်အသုံးပြုဖို့ အခွင့်အရေးတွေ အလွန့်အလွန်များစွာရှိလာပါပြီ.. ဟိုတုန်းကလို MS Windows တစ်ခုတည်းနဲ့ လုံလောက်ကျေနပ်မှုတွေ မရှိတော့ပဲ အဲဒီထက်ပိုမိုကောင်းမွန်တဲ့ Operating Systems တွေကိုရွေးချယ် အသုံးပြုလာကြပါတယ်၊ ဥပမာ Linux, Unix systems တွေထဲမှာပဲ ရွေးချယ်စရာတွေက တပုံတပင်ရယ်ပါ။ Linux distributions တွေကိုပဲကြည့်ရင် Ubuntu, Debian, Fedora, Gentoo စသည်ဖြင့် မြောက်များစွာသော Open Source Operating Systems စသည်ဖြင့်များစွာရှိနေပါပြီ။ Desktop Users များအတွက်လဲ အင်မတန်ကောင်းမွန်သင့်တော်နေပါပြီ.. ဒီလို perfect desktop system ကောင်းတွေရှိသော်လည်း တချို့ကျပြန်တော့ Real Unix ကိုပဲသုံးချင်ကြပါတယ်။ အရင်တုန်းက Unix ကို Desktop User များ အသုံးပြုခဲလှသော်လည်း ခုခါမှာ Unix ကို Desktop အသွင် အသုံးပြုလာကြပါပြီ။ PC-BSD, DesktopBSD တို့ကိုကြည့်မယ်ဆိုရင် FreeBSD ကို base ခံပြီး Desktop Use အတွက် customize လုပ်လာကြပါတယ်။ FreeBSD ကတော့ တကယ့်ကို complete operation system တစ်ခုပါ။ Open Sources လဲ ဖြစ်ပါတယ်။ တချို့ကလဲ FreeBSD ကိုပဲ ကိုယ့်ဟာကိုယ် customize လုပ်ပြီးသုံးချင်ကြပါတယ်။ PC-BSD နဲ့ DesktopBSD တို့က offer လုပ်တဲ့ pre-customize system နဲ့ KDE desktop environment ကို မကြိုက်ကြပဲ ကိုယ်ကြိုက်တဲ့ Desktop Environment နဲ့အတူ kernel ကိုလဲ ကိုယ့်စိတ်ကြိုက် customize လုပ်ပြီး Desktop Use အတွက် သုံးနေကြပါတယ်။ ဒီလို FreeBSD ကိုကိုယ့်ဟာကိုယ် customize လုပ်ပြီး Gnome Desktop သုံးသူများတွက်က ဇော်ဂျီဖွန့်သွင်းရတာ ပြသာနာရှိလိမ့်မယ် မထင်ပါဘူး။ သို့ပေမယ့်လည်း zawgyi keyboard package ကိုလွယ်လွယ်ကူကူ download လုပ်ပြီး install လုပ်ချင်သူများအတွက် zawgyi-keyboard-0.1.2.tar.gz package ကို အောက်ကလင့်မှာ သွားရောက် download ယူနိုင်ပါတယ်။

For FreeBSD 7.x , Gnome2
Package: zawgyi-keyboard-0.1.2.tar.gz

http://zawgyi-keyboard.googlecode.com/files/zawgyi-keyboard-0.1.2.tar.gz

ဒီ package ကိုရပြီးလျင် extract လုပ်ပြီး zawgyi folder ထဲကိုဝင်ပြီး install_freebsd.sh ကို run ပေးပါ။

$ su
# tar xzf zawgyi-keyboard-0.1.2.tar.gz
# cd zawgyi
# sh install_freebsd.sh


uninstall လုပ်ချင်ပါက

# sh uninstall_freebsd.sh


Enjoy with FreeBSD Gnome2 and Zawgyi font! :-)

2 comments:

  1. မရောက်တာကြာ မဆုံတာကြာလို့ ရောက်လာတယ်ဗျို့။ ရေးစရာ စီဗောက်မတွေ့လို့ ကော့မင့်ထဲမှာ ဝင်ရေးသွားတယ်ဗျ။ :D

    ReplyDelete
  2. ကိုလူပျိုကြီး .. မတွေ့ရတာကြာပြီးဗျား .. မကြာမကြာလာကြည့်ပါအုံး .. :D .. ကျေးဇူးပါ

    ReplyDelete