Saturday, August 8, 2009

Debian GNU/Linux time-base freezes

Debian GNU/Linux distribution ဟာအရင်ကဆိုရင် time-base အတိုင်း release မလုပ်ပါဘူး။ ခုတော့ Debian ဟာ 2 year cycle release ထုတ်ဖို့ new policy ကို စပိန်နိုင်ငံမှာကျင်းပတဲ့ Debian's Project Yearly conference အတွင်း တင်ပြပြီး သဘောတူ ဆုံးဖြတ်လိုက်ပါပြီ။ မကိန်းရှိတဲ့နှစ် (ဥပမာ 2009, 20011, 2013, ...) December လမှာ Freezes ဖြစ်ပြီးတော့ စုံကိန်းရှိတဲ့နှစ် (ဥပမာ 2010, 2012, 2014, ...) နွေဦးလောက်မှာ release ထုတ်ပါမယ်။ ပေါ်လစီကပြောင်းလိုက်ပြီဆိုတော့ ဒီနှစ် 2009 December မှာ Debian GNU/Linux 6.0 "Squeeze" ဟာ development freezes ဖြစ်ပြီးတော့ 2010 Spring လောက်မှာ release out မယ်လို့သိရပါတယ်။ ဒါဆိုရင် Debian 7.0 ဟာ 2011 December မှ Freezes ဖြစ်ပြီး 2012 Spring လောက်မှာမှာ Debian GNU/Linux 7.0 (codename မသိသေးပါ) ကို release ထုတ်မှာပါ။
ဒီ time-base freezes policy ဟာ users များအတွက် ရှေ့ကြိုတင်ခန့်မှန်းလို့ပိုမိုကောင်းမွန်လာသလို၊ developers များအတွက်လဲ long-term planning ကိုပိုမိုလုပ်ဆောင်နိုင်လာမှာဖြစ်ပါတယ်။ နောက်ပြီး two-year cycle ဟာလဲ users များကို အပြောင်းအလဲများအတွက်အချိန်ပိုရရှိစေပြီး new release များနှင့်ပတ်သက်ပြီး အပြောင်းအလဲလုပ်ရာမှာ ဖြစ်ရသော စိတ်အနှောက်အယှက်ဖြစ်မှုများမှလဲ လျော့နည်းစေမှာဖြစ်ပါတယ်။

အကိုးအကား

have fun !

No comments:

Post a Comment