Thursday, August 6, 2009

how to upgrade zawgyi font with zawgyi_keyboard.py

မနေ့က ကိုစိုးမင်းရဲ့ development version `new zawgyi font` Zawgyi-One_2009_August_5_rev01 ထွက်ပါတယ်။ ဒီ font အသစ်ကို zawgyi_keyboard.py script နဲ့ ဘယ်လို update လုပ်တယ်ဆိုတာ users များ ပိုရှင်းသွားအောင် ရှင်းပြပါမယ်။

ပထမဦးဆုံး font ကို အောက်ကလင့်ကနေ download လုပ်ယူုပါ...

http://newzawgyi.googlecode.com/svn/font.file/

download လုပ်ပြီးလို့ font က Desktop ပေါ်မှာ ရှိမယ်ပေါ့၊ new font ကို executable ဖြစ်အောင် 'chmod' နဲ့အရင်ဆုံး ပြောင်းထားမယ်၊ Terminal ကိုဖွင့်ပြီး ဖွန့်ရှိရင် Desktop ဆီကို directory change ပြီး အောက်က command line နဲ့ executable mood ကိုပြောင်းမယ်။

$ cd ~/Desktop
$ chmod 755 Zawgyi-One_2009_August_5_rev01.ttf


အောက်ကပုံကိုကြည့်ရင် သိတာပါတယ် chmod က excutable ဖြစ်ပြီးရင် အမဲရောင်ကနေ အစိမ်းရောင်ပြောင်းသွားတာကို သတိထားမိခြင်းအားဖြင့် သိသာပါတယ်။

[caption id="attachment_275" align="alignnone" width="480" caption="downloaded font and change executable mood"]downloaded font and change executable mood[/caption]


update လုပ်မယ့် new font ကို ပြင်ဆင်ပြီးရင်တော့ ကျနော်တို့ zawgyi_keyboard.py script ကို run ဖို့ပြင်ဆင်ရအောင် ထုံးစံအတိုင်း source package ကိုဖြည် ပြီးရင် source directory ထဲဝင်ပြီး python နဲ့ script ကို run ရအောင်။ source package ကိုဖြည်ပြီးသားဖြစ်ရင်တော့ အောက်က steps တွေကိုကျော်သွားနိုင်ပါတယ်။ နောက်တစ်ခုက ဒီ zawgyi-keyboard-0.3.0 package ကနေ install မလုပ်ရသေးရင် i ကိုနှိပ်ပြီး အရင် install ပေးလိုက်ခြင်းအားဖြင့် font upgrading process ကို အကူအညီဖြစ်စေမှာပါ။ အောက်က steps တော့ zawgyi-keyboard-0.3.0.tar.gz ကိုဖြည်ပြီး zawgyi source directory ထဲ ဝင်ပြီး zawgyi_keyboard.py script ကို python နဲ့ စတင်လိုက်တာပါ။ package ကိုထုံးစံအတိုင်း Desktop ပေါ်မှာရှိတယ်လို့ ယူဆမယ်နော်...

$ cd ~/Desktop
$ tar xzf zawgyi-keybaord-0.3.0.tar.gz
$ cd zawgyi


[caption id="attachment_276" align="alignnone" width="480" caption="preparing zawgyi_keyboard.py script to run"]preparing zawgyi_keyboard.py script to run[/caption]

အောက်မှာ zawgyi_keyboard.py ကို စတင် run ပြီးတဲ့နောက် u ကိုနှိပ်ပြီး font update လုပ်ဖို့ စတင်ပြီး downloaded font path directory ကိုမေးတဲ့ပုံပါ...

$ sudo python zawgyi_keyboard.py


pressed `u` for font update

pressed `y` for confirm continuous


[caption id="attachment_277" align="alignnone" width="480" caption="starting zawgyi_keyboard.py script"]starting zawgyi_keyboard.py script[/caption]

[caption id="attachment_278" align="alignnone" width="480" caption="proceeding font update"]proceeding font update[/caption]

ဒီနေရာမှာ downloaded font ရဲ့တည်ရှိရာ directory ကိုမေးတဲ့အတွက် ကျနော်တို့က font ရှိရာနေရာကို ရိုက်သွင်းပေးရမယ်...
ကျနော်တို့အပေါ်က ပြင်ဆင်ထားပြီးသားရှိပြီးသားမို့ တည်ရှိရာ နေရာက `/home/box02/Desktop` ကို ရိုက်ထည့်ပေးလိုက်ပါတယ်။

Enter you downloaded font directory : /home/box02/Desktop

ပြီးရင် program က installed font နဲ့ download new font ကိုယှဉ်ပြပါမယ်၊ အောက်က ပုံမှာတွေ့တဲ့အတိုင်း ..

Your new given font is /home/box02/Desktop/Zawgyi-One_2009_August_5_rev01.ttf
Current installed font is ['/usr/share/fonts/zawgyi/Zawgyi-One_2009_Jul_30_rev01.ttf']

ဒီနေရာမှာ current installed font ထက် new font က ပိုပြီး version မြင့်တဲ့အတွက် ကျနော်တို့က font upgrading ကို ဆက်လက်လုပ်ဆောင်ဖို့အတွက် y ကိုထက်နှိပ်ပြီး upgrading completed ဖြစ်ဖို့အတွက် ထက်ပြီး confirm လုပ်ပါတယ်။

[caption id="attachment_279" align="alignnone" width="480" caption="entering new font directory path"]entering new font directory path[/caption]

[caption id="attachment_280" align="alignnone" width="480" caption="continuouing font upgrading and exit program"]continuouing font upgrading and exit program[/caption]

အဲဒါတွေပြီးတဲ့အခါမှာ zawgyi font install directory ကို control လုပ်ကြည့်ခြင်းအားဖြင့် ကိုယ့်ဖွန့်အသစ်ရောက်ရှိနေပြီဖြစ်ကြောင်း သိနိုင်ပါတယ်။

$ ls /usr/share/fonts/zawgyi


[caption id="attachment_281" align="alignnone" width="480" caption="checking updated font"]checking updated font[/caption]

ခုဆို step by step font upgrading ပြီးပါပြီ :-)
ဒီ how to ကို ubuntu linux ပေါ်မှာ နမူနာပြထားပါတယ်။

enjoy it! :-)

No comments:

Post a Comment