Wednesday, August 26, 2009

zawgyi-keyboard-0.3.1 release out

zawgyi-keyboard-0.3.1 release ကို မနေ့ညက ထုတ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ release ကပါတဲ့ features တွေအပြင် အသစ်ထပ်ထည့်ထားတဲ့ functions လေးနှစ်ခုပါပါတယ်။ အဲဒါတွေကတော့ online upgrade() နဲ့ show font() functions တွေပါ။ ဒီ functions နှစ်ခုမှာ show_font() function က ကိုယ့်ရဲ့စက်မှာသွင်းထားတဲ့ ဇော်ဂျီဖွန့်နဲ့ အင်တာနက်မှာ နောက်ဆုံးထွက်ပြီးရယူနိုင်တဲ့ ဖွန့်အသစ်ကို ယှဉ်တွဲဖော်ပြပေးမှာဖြစ်ပြီး online_upgrade() function ကတော့ Internet နဲ့တိုက်ရိုက်ချိတ်ဆက်ထားပြီး Internet connection ရှိနေတဲ့စက်မှာ တိုက်ရိုက် download လုပ်ပေးပြီး upgrade ပါတခါတည်း လုပ်ပေးမှာဖြစ်ပါတယ်။
ပုံမှန်အားဖြင့်တော့ ဒီ functions တွေကို အမြဲတမ်း run နေဖို့တော့မလိုပေမယ့် လက်ရှိ ဇော်ဂျီဖွန့်အသစ်ဟာ development processes တွေနဲ့အတူ ဆက်လက်ထွက်ရှိနေတာမို့ testing လုပ်နေတဲ့ testers များအတွက်တော့ အသုံးဝင်ပါလိမ့်မယ်။ နောက်ပြီး users များအတွက်လဲ zawgyi keyboard installation ကိုပိုမိုလွယ်ကူစွာ လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။
နောက်ပြီး keyboard မှာ BKSL key ကို kokhy က fixed လုပ်ပေးထားပါတယ်။ နောက်မှာ changelog ကိုကြည့်ပြီး ဘာတွေအပြောင်းအလဲလုပ်လိုက်တယ်ဆိုတာ သိနိုင်ပါတယ်။

changelog

* upgrade new zawgyi font (Zawgyi-One_2009_Aug_25_v4.19.ttf) by Soe Min
* add show_font() and online_upgrade() in zawgyi_keyboard.py
* change font_upgrade() to man_upgrade() in zawgyi_keyboard.py
* mm file for '\' key fixed by kokhy

download
zawgyi-keyboard-0.3.1.tar.gz

howto
install guide

homepage
zawgyi-keyboard.googlecode.com

enjoy it!

No comments:

Post a Comment