Friday, September 11, 2009

Dropbox Linux CLI into your system

Dropbox ဟာ တကယ့်ကို ရိုးရှင်းပြီး အလွန်အသုံးဝင်တဲ့ ဖိုင်စင်ခရိုနိက်ဇင်းစနစ်ပရိုဂရမ်တစ်ခုပါ။ သူ့ကိုအသုံးပြုရဖို့အတွက် dropbox user account တစ်ခုတော့ဖွင့်ဖို့လိုအပ် ပါတယ်။ နောက်ပြီးစက်ထဲမှာ install လုပ်သင့်ပါတယ်။ Install မလုပ်ဘူးဆိုရင် အနည်းဆုံး mediafire တို့လို ဖိုင်တွေကို upload လုပ်တင်လို့ရပါတယ်။ ဒါပေမယ့် mediafire ထက်သာတဲ့အချက်ကတော့ ဖိုင်စင်ခရိုနိက်ဇင်းစနစ်ပါပဲ။ ပိုမိုသိဖို့အတွက်ကတော့ ဒီ dropbox wiki ကိုသွားရောက်ဖတ်ရှုနိုင်ပါတယ်။
Install လုပ်တာလဲလွယ်ကူပါတယ်။ Linux အတွက် packages တွေကို ဒီ dropbox downloads လင့်မှာ သွားရောက်ယူနိုင်ပါတယ်။ အဲဒီ စာမျက်နှာမှာပါတင် ဘယ်လို install လုပ်ရမလဲဆိုတာ ရေးထားပေးပါတယ်။
ဒါပေမယ့် နောက်ထပ် တော်တော်ကောင်းမွန်တဲ့ CLI နည်းရှိပါတယ်။ အဲဒါလေးကို ရည်ရွယ်ပြီး ဒီပို့စ်လေးရေးလိုက်တာဖြစ်ပါတယ်။ ဒီနည်းက ဘာမှရှည်ရှည်ဝေးဝေးလုပ်စရာမလိုပဲ command line တစ်ကြောင်းတည်းနဲ့တင် စက်ပေါ်အရောက်တပ်ဆင်ပေးပါတယ်။ အဲဒါကတော့ ဒီ dbcli.py လေးကို download လုပ်လိုက်ပြီး အဲဒီ script လေးနဲ့ အောက်က command line အတိုင်း run ပေးလိုက်ရင် တခါတည်း download & install လုပ်ပေးပါလိမ့်မယ်။ ပိုမိုသိချင်ရင်တော့ ဒီ Dropbox Linux CLI ကိုသွားဖတ်နိုင်ပါတယ်။

$ python dbcli.py install x86

ဒီနေရာမှာ ကိုယ့်စက်က 64 bit system ဆိုရင်...

$ python dbcli.py install x86_64

ပြီးရင် dropbox daemon ကို system startup မှာ run စေဖို့ System >> Preferences >> Sessions ကိုသွားပါ။ Session Preferences window ပေါ်လာမယ်။ အဲဒီခါကျ Add ကိုနှိပ်ပေးပြီး အောက်က text တွေဖြည့်ပေးပါ။

Name: Dropbox
Command: /home/your-user-name/.dropbox-dist/dropbox
Comment: Dropbox daemon

ပြီးရင် OK ကိုနှိပ်ပေးပါ။ ဒါဆို installation ပြီးပါပြီး။ ဘာမှသိပ်လုပ်ပေးစရာမလိုဘူးနော် ;)


Enjoy it! :-)

No comments:

Post a Comment