Saturday, September 5, 2009

using PuTTY to login Ubuntu via OpenSSH

Windows XP ကနေ PuTTY အသုံးပြုပြီး Ubuntu စက်ထဲကို login ဝင်ရတာ လွယ်ကူပါတယ်။ ဒီနေရာမှာ ကျနောှ ဗမာလိုလေး အကြမ်းလေးရေးပေးမယ်၊ ပြည့်ပြည့်စုံစုံကိုတော့ အကိုးအကားလင့်မှာကြည့်ပါ။ ပထမဦးစွာ PuTTY Download Page ကနေ putty.exe နှင့် puttygen.exe နှစ်ခုကို Windows XP ပေါှမှာ အရင်ဆုံး download လုပ်ထားနှင့်ပါ။ ပြီးရင် Ubuntu စက်မှာ openssh-server နှင့် openssh-client နှစ်ခုကို install လုပ်ပေးပါ။

$ sudo apt-get install openssh-server openssh-client

ပြီးရင် Terminal မှာပဲ ssh-keygen လို့ရိုက်ပေးပြီး ssh-keys တွေကို ထုတ်ပေးပါ။ passphase ကိုမေးတဲ့အခါ ကိုယ့်ရဲ့ လှို့ဝှက်ကုတ်တစ်ခုခုကိုရိုက်ထည့်ပေးပြီး အဲဒီ password ကိုမှတ်သားထားပါ။
အဲလိုထုတ်ပေးလိုက်တဲ့ id_rsa နဲ့ id_rsa.pub keys တွေဟာ ~/.ssh အောက်မှာရှိနေမှာပါ။ အဲဒီ ကီးတွေကို copy ကူးယူပြီး Windows XP စက်ဆီသို့ယူလာပါ။

$ ssh-keygen
$ cd ~/.ssh
$ ls

အောက်က ဖောှပြပါပုံတွေကတော့ Ubuntu ပေါှမှာ လုပ်ဆောင်ပေးရသမျှပါ။



ကျနောှတို့ အခု Windows ပေါှမှာလုပ်စရာရှိတာတွေလုပ်တော့မှာပါ။ PuTTy က OpenSSH ကထုတ်ပေးလိုက်တဲ့ ကီးတွေကို တိုက်ရိုက်အသုံးပြုလို့ မရပါဘူး။ အဲဒါကြောင့် id_rsa ကီးကို id_rsa.ppk ကီးဖြစ်လာအောင် puttygen.exe အသုံးပြုပြီးတော့ convert လုပ်ပေးရမှာဖြစ်ပါတယ်။ ပထမတုန်းက ကျနောှတို့ download လုပ်ထားပြီးသားဖြစ်တဲ့ puttygen.exe ကို double-click နှိပ်ပေးပြီး ဖွင့်ပါ။



ပုံထဲမှာမြင်ရတဲ့အတိုင်း File >> Load private key ကိုနှိပ်ပေးပါက ဖိုင်တောင်းခံတဲ့ Dialog Window လေးပေါှလာပါမယ်။ အဲဒီအခါမှာ Ubuntu စက်ဘက်ကနေ ကူးယူလာတဲ့ id_rsa ကိးကို ဖွင့်ပေးပါ။ အဲလိုဖွင့်တာနဲ့ ကိုယ့်ရဲ့ passphase ကိုတောင်းခံပါလိမ့်မယ်။ ကီးထုတ်စဉ်က သွင်းပေးခဲ့တဲ့ password လေးကို ရိုက်သွင်းပေးတဲ့အခါ ကိုယ့်ရဲ့ id_rsa ကီးကပွင့်ပါမှာပါ။ တဆက်တည်း Save private key ဆိုတဲ့ button ကိုနှိပ်ပေးပြီး တစ်နေရာမှာ သိမ်းလိုက်ပါ။ အဲဒါဆိုရင် id_rsa.ppk ကီးအနေနဲ့ saved လိုက်တာတွေ့ရမယ်။


putty.exe ကိုဖွင့်ပါ။ PuTTY Configuration Window ပေါှလာပါမယ်။


ဘယ်ဘက်မှာမြင်ရတဲ့ Connection >> SSH >> Auth ကိုနှိပ်ရင် အပေါှကပုံအတိုင်းမြင်ရမှာပါ။ အဲဒီမှာ Browse ဆိုတဲ့ button နှိပ်ပါ။ ကိုယ့်ရဲ့ id_rsa.ppk ကီးရှိရာကိုသွားပြီး ဖွင့်ပေးလိုက်တဲ့အခါ အဲဒီကီးမှာ သိမ်းထားတဲ့ ကိုယ့် Ubuntu စက်ရဲ့အချက်အလက်တွေကိုအသုံးပြုပြီး Ubuntu ကို login စလုပ်ပါမယ်။ ကိုယ့်ရဲ့ login name နှင့် password ကိုရိုက်ထည့်ပေးလိုက်ရင် အောက်ကပုံအတိုင်း login ဝင်သွားပါမယ်။

 
 

ပြီးရင် ပုံမှန် Linux ပေါှမှာအလုပ်လုပ်တဲ့အတိုင်း လုပ်နိုင်ပါပြီ။


ပိုပြီးအသေးစိတ်သိချင်ရင်တော့ အကိုးအကား ကိုဖွင့်ဖတ်နိုင်ပါတယ်။

Enjoy it!

No comments:

Post a Comment