Sunday, September 13, 2009

xboard and playing online chess

ဗမာပြည်မှာ online မှာ chess ကစားတဲ့သူ ဘယ်နှစ်ယောက်ရှိမလဲတော့ မသိဘူး။ ဒီပို့စ်မှာတော့ chess ဟာ ဘယ်လောက်ပေါ်ပြူလာဖြစ်ပြီး၊ ဘယ်နိုင်ငံတွေမှာ အများဆုံး ကစားကြတယ်ဆိုတာကိုတော့ မပြောတော့ပါဘူး။ ကျနော် Linux မှာ xboard နဲ့ ဘယ်လို online chess ဆော့တယ်ဆိုတာလောက် အခြေခံလေးရေးမှာပါ။ ဒီနေရာမှာ လိုအပ်တဲ့ Applications တွေကတော့ xboard (chess program), crafty (chess engine) နဲ့ scid (chess database app) တို့ဖြစ်ပါတယ်။ xboard ကတော့အခြေခံလိုအပ်တာပါ။ crafty နဲ့ scid မရှိပဲ online chess ကစားလို့ရပေမယ့် လေ့လာသူတွေအတွက်တော့ crafty engine နဲ့ scid က အရမ်းအသုံးဝင်ပါတယ်။ ကျနော့် Debian Machine မှာ ဒီလိုလေး install လုပ်ပါတယ်။

$ sudo install xboard crafty scid

xboard နဲ့ chess ဆော့ဖို့အတွက် Terminal ထဲမှာ ရိုးရိုးလေးပဲ သူ့နာမည်ကို ခေါ်လိုက်ရင်ရပါတယ်။ default size ကကျနော့်အတွက် အရမ်းကြီးနေလို့ နည်းနည်းပိုငယ်တဲ့ Bulky size ကို size option လေးထည့်ပြီး ခေါ်တာပါ။

$ xboard -size Bulky

human vs. machine
human vs. machine

ဒါကတော့ online မှာမဟုတ်ပဲ Machine နဲ့ ကစားမှာဖြစ်ပါတယ်။ online မှာဆော့ချင်ရင် free chess server တစ်ခုခုမှာ register လုပ်ဖို့လိုအပ်ပါတယ်။ ဥပမာအနေနဲ့ Free chess server တွေကတော့ freechess.org နဲ့ chesspark.com တို့ကတော့ လူအများဆုံး register လုပ်ပြီးကစားတဲ့နေရာတွေဖြစ်ပါတယ်။ ခုကျနော် နမူနာထဲမှာ freechess.org server ကို connect လုပ်ပြီး ကစားတာဖြစ်ပါတယ်။ Terminal မှာ အောက်က command line နဲ့ freechess server ကိုဝင်ရောက်ကစားနိုင်ပါတယ်။

$ xboard -ics -icshost freechess.org -size Huge

အဲဒါဆိုရင် xboard gui chess board ပေါ်လာမယ်။

starting xboard to connect freechess.org server
starting xboard to connect freechess.org server

openning GUI and connecting to server
openning GUI and connecting to server

ဒါပေမယ့် ကျနော်တို့ freechess.org server ကိုဝင်ဖို့အတွက် user name နဲ့ password လိုအပ်ပါမယ်။ အောက်ကပုံမှာ ကျနော့် login name: boxtwo နဲ့ password: **** တို့ကိုရိုက်သွင်းပြီး login လုပ်နေပါတယ်။

login to freechess.org server
login to freechess.org server

အပေါ်ကပုံအတိုင်း ကျနော့် login name နဲ့ password ကိုပေးပြီးတဲ့အခါ server သို့ connected ဖြစ်ပြီးဆိုတာကို အောက် ပုံမှာပြထားပါတယ်။
after logging in and connected to freechess.org to start a game
after logging in and connected to freechess.org to start a game

login ဝင်ပြီးလို့ connected ဖြစ်ပြီးချိန်မှာ ကိုယ်ယှဉ်ပြိုင်ကစားမယ့်သူကို seek ရမှာဖြစ်ပါတယ်။ ဒီလို seek တဲ့နေရာမှာ time (ကြာချိန်) နဲ့ rate (အဆင့်) ကိုထည့်ပေးပြီး seek ရမှာဖြစ်ပါတယ်။ chess ကစားနေကျသူဆိုရင် ဒါကိုတန်းပြီး သိမှာပါ။ နမူနာအနေနဲ့ ကြာချိန် ၀ မိနစ်ကနေ ၃ မိနစ်ကြားနဲ့ အဆင့် ၁၀၀၀ ကနေ ၁၅၀၀ ကြားကလူကို ကျနော် seek မှာဖြစ်ပါတယ်။ အဲဒီအတွက် inputs တွေက...

seek 0 3 1000-1500
inputting times and rates to seek a person
inputting times and rates to seek a person

အဲလိုရိုက်ထည့်ပေးပြီး စကဿကန့်အနည်းငယ်လောက် စောင့်ပါ။
seeking a person from online to play a game
seeking a person from online to play a game

အကယ်၍ အထက်ကပုံအတိုင်း ကိုယ့်ရဲ့ seeking ကိုတဖက်လူတစ်ယောက်ယောက်က လက်ခံရင် ကိုယ့် xboard gui chess board မှာလဲ အောက်ကပုံအတိုင်း boxtwo vs. HAL gooo ဆိုပြီး Title မှာလာပြပြီး ကိုယ်က အဖြူရောင်ဆိုရင် စတင်ရွေ့လို့ရပါပြီး။
playing with an online freechess.org member
playing with an online freechess.org member

ဒီလိုကစားရာမှာ Terminal နဲ့ Xboard GUI ကိုတွဲသုံးရမှာဖြစ်ပါတယ်။ အကယ်၍ ကိုယ်က ရှုံးဟန်ပေါ်နေပြီးဆို resign လုပ်ဖို့ရာ res ကို input ပေးပြီး resign လုပ်နိုင်ပြီး နာက်တစ်ပွဲဆက်ကစားဖို့ကိုလဲ rem လို့ input ပေးပြီး rematch လုပ် ကစားနိုင်ပါတယ်။ အကယ်၍ ကိုယ်က freechess.org server ကနေထွက်ချင်ပြီးဆိုရင် Terminal မှာ ctrl + c ကိုတွဲနှိပ်ပေးလိုက်ရင် server ကနေ log out ဖြစ်သွားမှာပါ။

logout from freechess.org server
logout from freechess.org server

အထက်ကဖော်ပြထားတာတာ့ ကိုယ့် xboard program နဲ့ဆော့တာပါ။ အကယ်၍ web browser မှာပဲ တခါတည်းဆော့ချင်တယ်ဆိုလဲ အဲဒီအတွက် Jin Applet web application နဲ့ www.freechess.org မှာတန်းပြီး ဝင်ကစားလို့ရပါတယ်။
Jin Applet login on freechess.org
Jin Applet login on freechess.org

Jin Applet Web Application
Jin Applet Web Application

ဒီအောက်ကပုံကတော့ scid application ပုံပါ။
starting scid databas app
starting scid databas app

Enjoy it, chess hobbyists! :-)

No comments:

Post a Comment