Thursday, January 28, 2010

Install java on FreeBSD

FreeBSD-8 မှာ Java ကို install လုပ်တာလေးပါ။ ကျနော်က java/openjdk6 port ကနေ install လုပ်ပါတယ်။ ports တွေကနေ install မလုပ်ခင်အရင်ဆုံး port tree ကို update လုပ်ပေးဖို့လိုအပ်လိမ့်မယ်။ ကျနော်ကတော့ ports tree update လုပ်တဲ့အခါမှာ portsnap ကိုသုံးတယ်။ ports tree update လုပ်ပေးပြီးပြီဆိုရင် ဆက်ရအောင် ...

# cd /usr/ports/java/openjdk6
# make install clean

အဲလို စပြီး install လုပ်တာနဲ့ port install error တွေပြပါမယ်။ Terminal ကပြတဲ့ error messages တွေကို ဂရုတစိုက်ဖတ်ပြီး လိုအပ်တာတွေကို download ချသင့်ကချရပါမယ်။ ကျနော် install လုပ်စဉ်တုန်းက အောက်ကဟာတွေကို internet မှာရှာပြီး download လုပ်တယ်၊ ပြီးရင် /usr/ports/distfiles အောက်မှာ ထားပေး လိုက်တယ်။

diablo-caffe-freebsd7-i386-1.6.0_07-b02.tar.bz2
tzupdater-1_3_21-2009p.zip
jce_policy-6.zip
dejavu-fonts-ttf-2.30.tar.bz2

ကျနော့်တုန်းက အပေါ်ကဟာတွေလိုပေမယ့် ကိုယ့်ရဲ့ port version အလိုက်ပြောင်း ချင်ပြောင်းနိုင်တာမို့ error messages တို့ suggestion messages တို့က ကြည့်ပြီး လုပ်ပေးပါ။ ဒီ java/openjdk6 port ကို install လုပ်ပြီးသွားပြီးဆိုရင်တော့ ကျနော်တဲ့ eclipse တို့ virtualbox တို့ စတဲ့ java နဲ့ သက်ဆိုင်တာတွေ ဆက်သွင်းလို့ရပါပြီး။

Firefox java plugin အတွက်ကတော့ အောက်က command line လေးကို run လိုက်ရင် အဆင်ပြေတယ်။

% ln -s /usr/local/diablo-jdk1.6.0/jre/plugin/i386/ns7/libjavaplugin_oji.so \
$HOME/.mozilla/plugins/

အဲဒါဆိုရင် Firefox java plugin ရပါပြီး။ အဲဒါဆိုရင် Firefox java plugin ရပါပြီး။ ကျနော့် firefox35 port version က firefox-3.5.7,1.

References:
FreeBSD Handbook
http://www.freebsd.org/doc/en/books/handbook/desktop-browsers.html

Enjoy!

No comments:

Post a Comment