Monday, January 18, 2010

keyboard layout switching in Fluxbox on FreeBSD

Fluxbox wm (window manager) မှာ Gnome Desktop မှာလို keyboard indicator program မပါတဲ့အတွက် xorg.conf ဖိုင်ကို နည်းနည်း modify လုပ်ပေးဖို့လိုအပ်ပြီး Fluxbox menu file မှာပါ edit လုပ်ပေးဖို့လိုအပ်ပါတယ်။ အောက်ကဟာတွေဘာမှလုပ်ခင်ဖြစ်ဖြစ်လုပ်ပြီးရင်ပဲဖြစ်ဖြစ် မြန်မာစာရိုက်လို့ရအောင် နှစ်သက်ရာ zawgyi-keyboard ဒါမှမဟုတ် mm3-keyboard ကို download လုပ်ပြီး install လုပ်ပေးဖို့လိုအပ်ပါမယ်။ ကျနော့် xorg.conf မှာ အောက်ကလို edit လုပ်ထားပါတယ်။

Section "InputDevice"
Identifier "Keyboard0"
Driver "kbd"
Option "XkbLayout" "us,mm"
EndSection

ပြီးရင် ကီးဘုတ်ပြောင်းဖို့အတွက် Fluxbox menu file မှာ အောက်က အတိုင်း sub menu ဖြည့်ထည့်ပေးပါ။ Fluxbox menu file က /home/.fluxbox/menu ပါ။

$ vi ~/.fluxbox/menu

[submenu] (Keyboards)
[exec] (us) {setxkbmap us}
[exec] (mm) {setxkbmap mm}
[end]

အဲလိုဖြည့်ပေးပြီးလို့ save လိုက်ရင် Fluxbox Menu မှာတန်းမြင်ရပေမယ့် keyboard option က xorg.conf မှာ apply ဖြစ်အောင် reboot လုပ်ပေးဖို့ လိုအပ်ကောင်းလိုအပ်လိမ့်မယ်။ အောက်က ပုံမှာ နမူနာလေးကြည့်ပါ။

Fluxbox keyboard menu


References:
1. XKB configuration
2. Fluxbox on Ubuntu
3. Switching keyboard layout

P.S.: ကျနော်က FreeBSD မှာလုပ်တာမို့ ခေါင်းစဉ်မှာ on FreeBSD လို့ရေးလိုက်တာပါ။ ဘယ် *nix distributions မှာ ဖြစ်ဖြစ် ဒီဟာ အကျုံးဝင်မှာပါ။

Enjoy! :-)

No comments:

Post a Comment